Apple

Apple iPad Pro (9.7") 128GB (4G) - ခဲရောင်

အသေးစိတ် ကြည့်ရှုရန်
အဓိက အကြောင်းအရာများ
  • One Year Official Warranty
  • Made in Thailand
  • Dimensions: (Length x Width x Thickness) 9.45 x 6.67 x 0.24 in
  • Display size: 9.7 inches
  • Resolution : 1536 x 2048 pixels
  • CPU : Dual-core 2.16 GHz (Twister)
  • ရောင်းချသူ TMW_Apple
  • ပစ္စည်းပို့ရန် ကြာချိန် 2 - 7 ရက် ရုံးဖွင့်ရက်အတွင်း ပို့ပေးပါသည်။
    အာမခံချက်
    ပစ္စည်းအာမခံ အကြောင်းဖတ်ရန် ဤနေရာကိုနှိပ်ပါ
    One Year
ပစ္စည်းရောက် ငွေချေစနစ်
၇ရက်အတွင်း အခမဲ့ပြန်ပို့နိုင်မှု

အသေးစိတ်ကြည့်ရန် : Return Policy

ကုန်ပစ္စည်း စစ်မှန်မှု
  • 5 မှတ်
    (1)
  • 4 မှတ်
    (1)
  • 3 မှတ်
    (0)
  • 2 မှတ်
    (0)
  • 1 မှတ်
    (0)
ပျမ်းမျှအမှတ်ပေးချက်
4,5
2 နှုန်းအား အခြေခံ၍
ဤကုန်ပစ္စည်းအား သင်ယခင်က သုံးစွဲဖူးပါသလား?
သုံးသပ်ချက် ရေးရန်

စွမ်းအားမြင့်လုပ်ဆောင်ချက်များ

iPad Pro ကို Apple မှ မူပိုင် တတိယမျိုးဆက်ဖြစ်သည့် A9X chip ဖြင့်အားဖြည့်ထားပြီး 64-bit desktop အဆင့်ရှိဖွဲ့စည်းပုံဖြင့် တည်ဆောက်ထားရာ ယခင် iPad Air 2 ထက် CPU လုပ်ဆောင်ချက်၊ ဂရပ်ဖစ်လုပ်ဆောင်ချက်များတွင် ၁.၈ ဆ ပိုမိုသာလွန်ကောင်းမွန်တာကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်၍ အချို့လေးသည့်ဂိမ်းများ၊အက်ပလီကေးရှင်းများကို ပေါ့ပါးသွက်လက်စွာနှင့်ဆောင်ရွက်ပေးမှာဖြစ်သည်။


image


အသံအရည်အသွေးကြွယ်ဝစွာ နားဆင်နိုင်မှု
အရည်အသွေးမြင့်မားသည့် စပီကာအသစ်လေးလုံးကို ကိုယ်ထည်ထဲတွင် ဖွဲ့စည်းတည်ဆောက်ထားရာ iPad Pro သည် မျက်နှာပြင်ကျယ်ပြန်ကြီးမားသကဲ့သို့ အသံအရည်အသွေးကိုလည်း အထူးကောင်းမွန်စွာရရှိမှာ ဖြစ်သည်။ အကူးစတစ်အသံ(Acoustic output)ကို iPad Air မှာထက် သုံးဆပိုမိုကြည်လင်ပီသစွာနှင့် နားဆင်နိုင်ဦးမှာပါ။ ဒါ့အပြင် သင်ကိုင်ဆောင်သည့်ပုံစံကိုလိုက်ပြီး အသံအနိမ့်အမြင့်ကို အလိုလျောက်ညှိပေးသည့်လုပ်ဆောင်ချက်လည်း ပါဝင်သေးသည်။ သို့ဖြစ်ရာ ဂိမ်းကစားခြင်းပဲဖြစ်စေ၊ ရုပ်ရုပ်ဗီဒီယိုကြည့်ရှုသည့်အခါပဲဖြစ်စေ၊ iPad Pro က အသံအရည်အသွေးမြင့်မားစွာဖြင့် သင့်ကိုအကောင်းဆုံးဖျော်ဖြေနေမှာဖြစ်ပါသည်။


image


သင့်လက်တစ်ဖျားရှိ အဆင့်မြင့်လုံခြုံရေးစနစ်

Touch ID နည်းပညာကိုအသုံးပြုထားသည့်အတွက် လော့ခ်ဖြည်ရာ၌ password မေ့နေခြင်းမျိုး pattern မေ့နေခြင်းမျိုးမဖြစ်တော့ဘဲ လက်ဗွေနှိပ်ရုံဖြင့် အလွယ်တကူဖွင့်နိုင်မှာဖြစ်သည်။ဒါ့အပြင် iTunes, iBooks နှင့် App Store တို့မှ ၀ယ်ယူရာတွင်လည်း ယခင်ကကဲ့သို့ အကောင့်password ရိုက်စရာမလိုတော့ဘဲ လက်ဗွေတစ်ချက်နှိပ်ရုံဖြင့် လုံခြုံစိတ်ချစွာဖြင့် ငွေပေးချေမှုများပြုလုပ်နိုင်မည်ဖြစ်သည်။ Apple Pay ပါဝင်လာ သည့်အတွက် အွန်လိုင်းမှဈေးဝယ်ခြင်းများကို အက်ပလီကေးရှင်းအမျိုးမျိုးဖြင့် လုပ်ဆောင်နိုင်ဦးမှာပါ။


image


အံ့အားသင့်ဖွယ်ကောင်းမွန်သည့် ကင်မရာစွမ်းဆောင်ရည်

iPad Pro တွင် ပါဝင်သည့် iSight ကင်မရာသည် အဆင့်မြှင့်ထားသည့် sensor ကိုအသုံးပြုထားရာ လှပကြည်လင်ပြတ်သားသည့် ပုံရိပ်ကောင်းကောင်းလေးများ ဖန်တီးပေးမှာဖြစ်သည်။ တစ်ဖန် Apple ၏ Image signal processor က panorama ပုံစံရိုက်ကူးလိုသည့်အခါဖြစ်စေ burst သို့မဟုတ် တိုင်မာ modes များကို အသုံးပြုလိုသည့်အခါဖြစ်စေ ရိုက်ကူးလိုက်သည့်ဓာတ်ပုံများကို အကောင်းဆုံးသောရလဒ်ဖြင့် စွမ်းဆောင်ပေးမှာဖြစ်သည်။ အနှေးကွက်၊အမြန်ကွက်တို့ဖြင့်လည်း 720p HD အရည်အသွေးရှိ ဗီဒီယိုများ ဖန်တီးနိုင်ဦးမှာပါ။ viewer finder ဖြင့်ကြည့်သည့်အခါတွင်လည်း ပုံရိပ်များကိုအသေးစိတ်မှအစ ကြည်လင်ပြတ်သားစွာဖြင့် တွေ့မြင်နိုင်မည်ဖြစ်သည်။ရှေ့ကင်မရာဖြစ်သည့် FaceTime HD ကင်မရာတွင်လည်း sensor အဆင့်မြှင့်တင်ထားရာ ကျယ်ပြန်သည့် မျက်နှာပြင်ပေါ်တွင် ဗီဒီယိုခေါ်ဆိုခြင်းများပြုလုပ်သည့်အခါ လူကိုယ်တိုင်တွေ့နေရသကဲ့သို့သဘာဝကျကျ တွေ့မြင်နိုင်မှာပါ။ low light နှင့် backlit setting ပါဝင်သည့်အတွက် အလင်းအားနည်းသည့်အချိန်တွင်ပင် ဓာတ်ပုံနှင့်ဗီဒီယိုများကို ကောင်းမွန်စွာရိုက်ကူးနိုင်မှာဖြစ်သည်။


image

မြန်ဆန်အားကောင်းသည့်ဝိုင်ဖိုင်

iPad Pro သည် Wi-Fi နှင့် Cellular ကွန်ရက်များကို ချိတ်ဆက်နိုင်သည့်အတွက် မည်သည့်နေရာတွင်မဆို ရုပ်ရှင်ကားများ download ဆွဲခြင်း၊ အင်တာနက်အသုံးပြုခြင်း၊ data မျှဝေခြင်းများကို ပြုလုပ်နိုင်မှာဖြစ်သည်။ Wi-Fiသီးသန့် သို့မဟုတ် Wi-Fi + Cellular ဟူ၍ မော်ဒယ်ရွေးချယ်နိုင်မှာပါ။ ၀ိုင်ဖိုင်ရှိသည့်နေရာ တွင်ဖြစ်စေ၊ မရှိသည့်နေရာတွင်ဖြစ်စေ အထူးလျှင်မြန်သည့်အမြန်နှုန်းနှင့် Wi-Fi+Cellular မော်ဒယ်များက LTE bands များကို အထောက်အပံ့ပေးမှာဖြစ်သည်။ iPad Pro တွင် Apple SIM ပါဝင်ပြီးသားဖြစ်သဖြင့် Short term data plan များ အသုံးပြုနိုင်မှာလည်းဖြစ်သည်။ 


image

အဓိက အကြောင်းအရာများ
  • One Year Official Warranty
  • Made in Thailand
  • Dimensions: (Length x Width x Thickness) 9.45 x 6.67 x 0.24 in
  • Display size: 9.7 inches
  • Resolution : 1536 x 2048 pixels
  • CPU : Dual-core 2.16 GHz (Twister)
  • RAM: 2GB
  • Internal Storage: 128GB
  • Back Camera: 12 MP
  • Front Camera: 5 MP
  • Battery Capacity: Non-removable Li-Ion battery (27.9 Wh)
  • Single Sim
  • Flash Light : dual-LED (dual tone) flash
  • Additional shipping fees will be charged.
ကုန်ပစ္စည်းအချက်အလက် iPad Pro (9.7") 128GB (4G) - ခဲရောင်
SKU
AP305EL0TK00GNAFAMZ
မော်ဒယ်လ်
TMW_ipadpro_128
Weight (kg)
0.444
Colour
Grey
Internal Memory(GB)
128
RAM (GB)
2
CPU Speed (GHz)
2.16
Number of CPUs
2
Megapixels
12.0
Operating System
iOS
Product warranty
One Year

၇ရက်အတွင်း ပြန်လည်လဲလှယ်နိုင်ခြင်း

"ဝယ်ယူထားသောပစ္စည်း လက်ခံရရှိစဉ် ပျက်စီးနေခြင်း/ပစ္စည်းအမျိုးအစားမှားယွင်းနေခြင်း စသည်တို့ဖြစ်ပါက ပြန်လဲလှယ်ရန် ပစ္စည်းပို့ဆောင်ပြီး ၇ရက်အတွင်း ဖုန်း- 09 973 203 566သို့ အကြောင်းကြားပေးရန်လိုအပ်ပါသည်။ ပစ္စည်းတူအသစ်ဖြင့် အခမဲ့ ပြန်လဲနိုင်ပါသည်။ တူညီသောပစ္စည်းကို မရရှိနိုင်ပါက ပြန်အမ်းငွေပြန်လည်ထုတ်ပေးပါမည်။ "


"ပစ္စည်းကိုမလိုအပ်တော့ခြင်းကြောင့် ပြန်လဲခြင်း မပြုလုပ်နိုင်ပါ။ မလိုအပ်တော့ခြင်းဆိုသည်မှာ ပစ္စည်းကို သုံးစရာမလိုတော့၍ ပြန်ပို့လိုခြင်း၊ မဝယ်လိုတော့ခြင်း၊ ဆိုဒ်မတော်ခြင်း၊ ဖွင့်ကြည့်ပြီးမှ မကြိုက်ခြင်းတို့ ပါဝင်ပါသည်။"


လိုအပ်သည့် အခြေအနေများ 
  1. ၁။ ကုန်ပစ္စည်းသည် နဂိုမူလ ထုတ်ပိုးထားသော ပုံစံရှိရပါမည်။ ဖက်ရှင်အဝတ်အထည်များကိုမိမိနှင့်ကိုက်ညီမှုရှိမရှိစမ်းသပ်ဝတ်ဆင်ကြည့်နိုင်သော်လည်း ဝယ်ယူစဉ်ကအတိုင်းအထုတ်အပိုးနှင့်ပုံစံမပျက်ရှိရပါမည်။ ဝယ်ယူစဉ်ကအတိုင်း အသစ်အခြေအနေမရှိသောကုန်ပစ္စည်းများကို ပြန်လည်ပေးပို့မှု လက်ခံမည်မဟုတ်ပါ။
  2. ၂။ ပြန်လည်ပေးပို့လိုသည့်အခါ နဂိုဝယ်ယူစဉ်ကပါရှိသော တံဆိပ်များ၊အာမခံကဒ်ပြားများ၊လက်ဆောင်များ၊အသုံးပြုရန်အညွှန်းစာအုပ်၊တွဲဖက်ပစ္စည်းများ အစရှိသည်တို့ အပြည့်အစုံပါဝင်ရပါမည်။
  3. ၃။ ကုန်ပစ္စည်းနှင့် ထုတ်ပိုးထားသောပုံများအထုတ်များ ပျက်စီးယိုယွင်းနေခြင်း မရှိရပါ။ အထုတ်အပိုးကို ပြန်လည်ပေးပို့ကြောင်းစာရွက်နှင့်တကွ ပြန်လည်ပို့ဆောင်ရပါမည်။ ထုတ်ပိုးထားသောဘူးခွံ၊အိတ်များပေါ်တွင် တိပ်များစတစ်ကာများ မကပ်ရပါ။
  4. ၄။ ဖုန်း/တက်ဘလက်တို့ကို ပြန်ပို့ဆောင်လျှင် ဝယ်ယူစဉ်ကအတိုင်း ရှိရမည်ဖြစ်ပြီး အတွင်းရှိကိုယ်ပိုင်အချက်အလက်များကို ဖျက်ထားရပါမည်၊ လျှို့ဝှက်ကုဒ်များ ပေးထားခြင်းကို ပြန်ဖျက်ထားရပါမည်။ Apple စက်များအတွက် icloud အကောင့်များ unlock ထားရပါမည်။"

အထက်ပါအချက်များနှင့် ကိုက်ညီမှုမရှိပါက ပြန်လည်ပေးပို့ခြင်း/လဲလှယ်လိုခြင်းကို ပြုလုပ်ပေးနိုင်မည် မဟုတ်ပါ။


မည်သို့ပြန်လည်ပို့ဆောင်ရမည်ကို အသေးစိတ်သိလိုပါက ဤနေရာကို နှိပ်ပါ။