K-pop ချစ်သူလေးတွေအတွက် သတင်းကောင်း


အားလုံးသိကြတဲ့အတိုင်း K-pop ဆိုတာ တောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ ကိုးရီယားပေါ့ဂီတ အဆိုတော်အဖွဲ့တွေဖြစ်ပါတယ်။အစောဆုံး K-pop အဖွဲ့ကို ၁၉၉၂မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ K-pop တေးသံရှင်အဖွဲ့များဟာ ကိုးရီးယားနိုင်ငံတွင်းမှာသာမက နိုင်ငံတကာ ဂီတနယ်ပယ်တွေကိုပါ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး နိုင်ငံအများအပြားရဲ့ အားပေးမှုတွေကို ရရယူနိုင်ခဲ့ပြီး ပရိသတ်ပေါင်းများစွာ ရရှိခဲ့ပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ လူငယ်များရဲ့ အားပေးမှုကို ပိုမိုရရှိခဲ့ပြီး K-pop ချစ်သူတို့ဟာ သူတို့ကိုယ်သူတို့ Kpoppers လို့ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း K-pop ဂီတအဖွဲ့များကို အရူးအမူးအားပေးသူ ပရိသတ်အများအပြားရှိနေပြီး သူတို့ရဲ့ ဂီတအနုပညာသာမက ဖက်ရှင်နဲ့ နေထိုင်မှုစရိုက် တွေအထိပါ လွှမ်းမိုးမှုရှိလာပါတယ်။ ကိုယ်ချစ်တဲ့ K-pop အနုပညာရှင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့၊ သူတို့ရဲ့ live ရှိုးကို ကြည့်ရှုခွင့်ရဖို့ဆိုတာ Kpopper တစ်ယောက်ရဲ့ အိပ်မက်တစ်ခုဖြစ်ပြီး ဒီနှစ်မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ Kpopper တွေအတွက် အဲ့ဒီအိပ်မက်တွေ အမှန်တကယ် ဖြစ်လာတော့မှာပါ။

မြန်မာနိုင်ငံမှာကျင်းပမယ့် K-pop ဂီတပွဲ ၂၀၁၇


June July Moe(JJM) Media Group ကနေ ဦးစီးပြီး K-pop ဂီတပွဲကို မြန်မာနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကျင်းပမယ့်ရက်ကတော့ မေလ ၆ရက်နေ့ဖြစ်ပြီး နေရာကတော့ သုဝဏဘူမိ Event Park မှာ ဖြစ်ပါတယ်။ ဒီရှိုးပွဲရဲ့ လက်မှတ်များကို Shop.com.mm မှာ တရားဝင်ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။ K-pop ဂီတပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် အနုပညာရှင်အဖွဲ့များကတော့ EXO, NCT127, TRAX နှင့် MATILDA တို့ပဲဖြစ်ပါတယ်။ တကယ့်ပရိတ်သတ်အကြိုက် နာမည်ကြီးအဖွဲ့တွေမို့လို့ လုံးဝလက်မလွှတ်သင့်တဲ့ အခွင့်အရေးပဲနော်။ Shop.com.mm မှ လက်မှတ်ဝယ်ယူသူတိုင်းအတွက် အိမ်အရောက်ပို့ဆောင်စနစ်နဲ့၊ငွေချေစနစ်တို့နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ့်အကြိုက်ဆုံး K-pop အဖွဲ့လေးတွေနဲ့ တွေ့ဆုံခွင့်ရဖို့ အခုပဲ လက်မှတ်တွေဝယ်ယူထားတော့နော်!