DKT International ကုမ္ပဏီဟာ မိသားစုစီမံကိန်းနဲ့ မျိုးဆက်ပွားခြင်းဆိုင်ရာ ထုတ်ကုန်များထုတ်လုပ်တဲ့ ကမ္ဘာ့ အကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်ပါတယ်။ အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခု (Non-profit organization) ကိုလည်း အမေရိကန်နိုင်ငံ၊ ၀ါရှင်တန် ဒီ စီ မှာ ဖွင့်လှစ်ထားပြီး ဖွံဖြိုးဆဲ နိုင်ငံပေါင်း (၂၀) မှာ သားဆက်ခြားဆေးအသုံးပြုမှု မြင့်တင်နိုင်ရေးအတွက် လုပ်ဆောင်နေတဲ့အပြင် ကမ္ဘာအနှံ့မှာ သားဆက်ခြား ခြင်း၊ မလိုလားသော သန္ဓေတည်မှု မဖြစ်ပေါ်စေရေးနှင့် HIV/AIDS နဲ့ ပတ်သက်တဲ့ အသိပညာတွေ ကို ဒီနှစ်ထဲမှာ ကမ္ဘာ အနှံ့ ဖြန့်ဝေနိုင်ခဲ့ပါတယ်။ DKT Myanmar ရုံးခွဲကို ၂၀၁၄၊ ဂျူလိုင်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတွင်းမှာ DKT Myanmar ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ဖြန့်ချိသူအဖြစ် ဆောင်ရွက်တာကတော့ Modern Choices Experts ကုမ္ပဏီ ပဲ ဖြစ်ပါတယ်။

DKT ရဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ Kiss ကွန်ဒုံးဟာဆိုရင် ကမ္ဘာ့အဆင့်အတန်းမီပြီး ဈေးနှုန်းချိုသာလှတာကြောင့် လူကြိုက်များပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ ကူးစက်ရောဂါတွေကို တားဆီးဖို့အတွက် ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံး နည်းလမ်း တစ်ခုပါ။ လိင်ဆက်ဆံရာမှာ ကွန်ဒုံးအသုံးပြုခြင်းဖြင့် HIV,ကာလသားရောဂါ,ရေယုန်,ဆစ်ဖလစ်အစရှိတဲ့ ကူးစက်ရောဂါများကို ကာကွယ်နိုင်ပါတယ်။ Kiss ကွန်ဒုံးများကို ရောဂါကာကွယ်ရန်အတွက်သာမက စုံတွဲများ ဆက်ဆံရာမှာ သက်သောင့်သက်သာနဲ့ အဆင်ပြေချောမွေ့စေရန်လည်း ပြုလုပ်ထားပါတယ်။ သုံးစွဲသူစိတ်ကြိုက် အနံ့အရသာနဲ့ အကျိုးရလဒ်များကိုပါ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အပြင်စတိုးဆိုင်တွေမှာ ကွန်ဒုံးသွားရောက်ဝယ်ယူဖို့ အဆင်မပြေတဲ့အခါ Shop.com.mm မှမှာယူခြင်းဟာ အကောင်းဆုံး နည်းလမ်းပါပဲ။ ယုံကြည်စိတ်ချရပြီး ထိရောက်မှုအပြည့်အဝရှိတဲ့ Kiss Condom များကို အိမ်အရောက်ပို့ဆောင်မှု၊ပစ္စည်းရောက်ငွေချေမှုစနစ်နဲ့ အချိန်ကုန်လူပင်ပန်းသက်သာစွာ ဝယ်ယူရရှိနိုင်ပါပြီ!