ပစ္စည်းမှန်၊ ဈေးနှုန်းမှန် ကိုရီးယားနိုင်ငံတိုက်ရိုက်ကုန်ပစ္စည်းများကို Shop.com.mm တွင် ဝယ်ယူလိုက်ပါ...



Shopper တို့အတွက် စိတ်ဝင်စားစရာ သတင်းကောင်းလေးတစ်ခုရှိပါတယ်။ အခုဆိုရင် Shop.com.mm Korean Mall ကနေ ကိုရီးယားနိုင်ငံမှ ပစ္စည်းစစ်မှန်ပြီး အရည်အသွေးစိတ်ချရတဲ့ Branded ပစ္စည်းတွေကို လွယ်လွယ်ကူကူ အွန်လိုင်းကနေ တိုက်ရိုက်ဝယ်ယူနိုင်ပါပြီ။ အကောင်းတကာ့ အကောင်းဆုံး ကိုရီးယားကုန်ပစ္စည်းတွေကို မှန်ကန်တဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးနိုင်ဖို့အတွက် Shop.com.mm မှ နိုင်ငံတကာရောင်းချသူတွေနဲ့ ပူးပေါင်းလုပ်ကိုင်လျက်ရှိပြီး အခုဆိုရင် ကိုရီးယားနိုင်ငံတိုက်ရိုက် ကုန်ပစ္စည်းတွေကို Shop.com.mm ရဲ့ Korean Mall ပေ့ခ်ျမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ အချိန်နဲ့တပြေးညီ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အတူ ဆန်းသစ်တဲ့တီထွင်မှုတွေကြောင့် ကိုရီးယားထုတ်ကုန်တွေဟာ ကမ္ဘာတဝှမ်းမှာ နာမည်ကျော်ကြားလျက်ရှိပါတယ်။ အထူးသဖြင့် ကိုရီးယား မိတ်ကပ်၊ Skin care နဲ့ ဖက်ရှင်ပစ္စည်းတွေဟာ ကမ္ဘာအရပ်ရပ်က ဖက်ရှင်ချစ်သူတွေ၊ မိတ်ကပ်ဘလော့ဂါတွေ၊ မိတ်ကပ်ပညာရှင်တွေရဲ့ အသည်းစွဲဖြစ်နေတာက သာဓကပါပဲ။ Shop.com.mm ရဲ့ Korean Mall မှာဈေးဝယ်တဲ့အခါ ပုံမှန်ပစ္စည်းတွေ ဝယ်ယူသလိုပဲ ပစ္စည်းရောက်ငွေချေစနစ်အပြင် Credit Card, Debit Card, Prepaid Card တို့ကိုပါ အသုံးပြုပြီး ဝယ်ယူနိုင်ပါတယ်။

အခုလက်ရှိမှာဆိုရင် Shop.com.mm ရဲ့ Korean mall မှာ ကုန်ပစ္စည်းပေါင်း ၁၀၀ ကျော်ကို အကောင်းဆုံးဈေးနှုန်းတွေနဲ့ စတင်ရောင်းချပေးလျက်ရှိပါတယ်။ ကိုရီးယားဖက်ရှင်ကစလို့ လက်ဝတ်ရတနာ၊အလှကုန်၊ကလေးသုံးပစ္စည်းများ၊အိမ်သုံးပစ္စည်း၊မီးဖိုချောင်သုံးပစ္စည်း၊အားကစားပစ္စည်းနဲ့စားသောက်ကုန်များအထိ စုံလင်စွာဝယ်ယူရရှိနိုင်ပါတယ်။ Korean mall ကပစ္စည်းတွေကို ဝယ်ယူတဲ့အခါ တခြားပစ္စည်းတွေမှာယူသလို အော်ဒါတင်လိုက်တာနဲ့ သင့်အိမ်အရောက်ပို့ဆောင်ပေးမှာပါ။ ဒါကြောင့် အခုပဲ သင့်စိတ်ကြိုက်ပစ္စည်းတွေကို ဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်ပါပြီ။ မှတ်ချက် – Korean mall ကပစ္စည်းတွေက ကိုရီးယားနိုင်ငံနဲ့ တရုတ်ပြည်မှ တိုက်ရိုက်ကုန်ပစ္စည်းတွေဖြစ်တာကြောင့် အော်ဒါတင်တဲ့အခါ ပုံမှန်ပစ္စည်းတွေလိုမဟုတ်ဘဲ ၁၀ရက်ကနေ ၁၅ရက်အထိကြာမြင့်နိုင်ပါတယ်။