Linio နှင့် Shop.com.mm အကျိုးတူပူးပေါင်းမှု

Daraz စီးပွားရေးလုပ်ငန်းစု၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Shop.com.mm သည် လက်တင်အမေရိကနိုင်ငံရှိ e-commerce ကုမ္ပဏီကြီးတစ်ခုဖြစ်သော Linio နှင့်အကျိုးတူပူးပေါင်းလိုက်ပြီ ဖြစ်ပါသည်။ ထိုသို့ ပူးပေါင်းခြင်းဖြင့် မြန်မာနိုင်ငံ၏ e-commerce ဈေးကွက်ကို ဖွံ့ဖြိုးတိုးတက်အောင် ချဲ့ထွင်ရန် ရည်ရွယ်ထားပါသည်။


Linio သည် လက်တင်အမေရိက၏ စီးပွားရေးဈေးကွက်တွင် ခိုင်မာစွာရပ်တည်လျက်ရှိသော အကြီးဆုံး e-commerce ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၈နိုင်ငံတွင် လူသန်းပေါင်း ၃၀၀ခန့် ဝင်ရောက်ဝယ်ယူလျက်ရှိသော အွန်လိုင်းစတိုးတစ်ခုဖြစ်သည်။ အဆိုပါ ၈နိုင်ငံမှာ Ecuador, Argentina, Chile, Mexico ,Peru , Venezuela , Colombia , and Panama တို့ဖြစ်သည်။ Linio တွင် အကောင်းဆုံးအရည်အသွေးနှင့် ကုန်ပစ္စည်း အမှတ်တံဆိပ်ပေါင်းများစွာကိုလွယ်ကူသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ ဈေးဝယ်ယူရန် အဆင့်အနည်းငယ်ကို လုပ်ဆောင်ရုံဖြင့် အလိုရှိရာ ပစ္စည်းများကို လွယ်ကူစွာ ရှာဖွေဝယ်ယူနိုင်သော e-commerce စတိုးတစ်ခု ဖြစ်ပါသည်။

Linio အွန်လိုင်းစတိုးတွင် ဝယ်ယူသော ကုန်ပစ္စည်းများကို အိမ်အရောက်ပို့စနစ်ဖြင့် ဝယ်ယူနိုင်ပါသည်။ မှာယူထားသော အော်ဒါများကို လျင်မြန်မှန်ကန်စွာ ပို့ဆောင်ရေးမှာ Linio ၏ အလေးထားသော ဝန်ဆောင်မှုတစ်ရပ် ဖြစ်သည်။ ထို့အပြင် ဝယ်ယူသူများအတွက် အဆင်ပြေစွာ ရွေးချယ်နိုင်မည့် ငွေချေစနစ်များစွာလည်း ရှိပါသည်။ ခရက်ဒစ်ကဒ်, ကြိုတင်ငွေချေစနစ်နှင့် အိမ်အရောက်ငွေချေစနစ်တို့ကို ရွေးချယ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဈေးဝယ်သူများ စိတ်ချလုံခြုံစွာ ဝယ်ယူပေးချေနိုင်မည့် အဆင်အပြေဆုံး အွန်လိုင်းစတိုးတစ်ခု ဖြစ်ပါသည်။

ပစ္စည်းအမျိုးအစားခေါင်းစဉ်များအောက်တွင် ကမ္ဘာအဝှမ်းမှ နာမည်ကြီး အမှတ်တံဆိပ်များနှင့် အရည်အသွေးအကောင်းဆုံးကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။ သင်သည် နည်းပညာစွဲလမ်းသူတစ်ဦးဖြစ်ပါက အကောင်းဆုံး ဖုန်းများ တက်ဘလက်နှင့် ကွန်ပြူတာဆိုင်ရာ လိုအပ်သမျှ ပစ္စည်းများအားလုံးကို ရှာဖွေဝယ်ယူနိုင်မည် ဖြစ်သည်။ အကယ်၍ ဂိမ်းကစားသူတစ်ဦးဖြစ်ပါက အိမ်သုံးဂိမ်းစက်များနှင့် ဂိမ်းခွေများကို သင်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် အခြားပစ္စည်းများဖြစ်သော အိမ်သုံးပစ္စည်းများ၊ ပရိဘောဂများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်များ၊ အလှဆင်ပစ္စည်းများ အစရှိသည်တို့ကိုလည်း ဝယ်ယူနိုင်ပါသည်။ သင့်လျော်သောဈေးနှုန်း၊ စိတ်တိုင်းကျအရည်အသွေးနှင့် အဆင်ပြေသော ငွေချေမှုစနစ်တို့ကြောင့် ဝယ်ယူသူတိုင်း စိတ်ကျေနပ်မှု ရရှိနိုင်မှာပါ။ ကောင်းမွန်သောဝန်ဆောင်မှုများနှင့် Linio အွန်လိုင်းစတိုးမှဝယ်ယူလိုပါက သင်၏ကွန်ပြူတာ သို့မဟုတ် ဖုန်းမှ ကလစ်တစ်ချက်သာ နှိပ်လိုက်ပါ။