MK6094 Blair Tortoiseshell  အမျိုးသမီးဝတ် လက်ပတ်နာရီ - ရွှေရောင်
Michael Kors

Michael Kors MK6094 Blair Tortoiseshell အမျိုးသမီးဝတ် လက်ပတ်နာရီ - ရွှေရောင်

  • ရောင်းချသူ Mobile & Watch Club
  • ပစ္စည်းပို့ရန် ကြာချိန် 2 - 7 ရက် ရုံးဖွင့်ရက်အတွင်း ပို့ပေးပါသည်။
ပစ္စည်းရောက် ငွေချေစနစ်
၇ရက်အတွင်း အခမဲ့ပြန်ပို့နိုင်မှု

အသေးစိတ်ကြည့်ရန် : Return Policy

ကုန်ပစ္စည်း စစ်မှန်မှု
  • 5 မှတ်
    (1)
  • 4 မှတ်
    (0)
  • 3 မှတ်
    (2)
  • 2 မှတ်
    (0)
  • 1 မှတ်
    (0)
ပျမ်းမျှအမှတ်ပေးချက်
3,7
3 နှုန်းအား အခြေခံ၍
ဤကုန်ပစ္စည်းအား သင်ယခင်က သုံးစွဲဖူးပါသလား?
သုံးသပ်ချက် ရေးရန်
နာမည်ကျော်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Michael Kors ကို အမေရိကန်နိုင်ငံတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အမေရိကန်နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးနီးပါးတွင် လူကြိုက်များလျက်ရှိသည့် international brand တစ်ခုအဖြစ်ရပ်တည်လျက်ရှိသည်။ Michael Kors နာရီများကို နေရာဒေသမရွေး၊ လူမျိုးမရွေးဝတ်ဆင်နိုင်ရန် အထူးစီမံထုတ်လုပ်ထားပါသည်။ ဂန္တ၀င်ဆန်သည့်အသွင်နှင့် ခေတ်မီရေပန်းစားနေသည့်အသွင်တို့ကို ပေါင်းစပ်ဒီဇိုင်းဆွဲထားသဖြင့် Michael Kors နာရီများသည် ရာသီအချိန်အခါမရွေး ၀တ်ဆင်ရန်သင့်တော်ပြီး အစဉ်အမြဲခေတ်မီသည့်အသွင်ကို ပေးနေမည်ဖြစ်ပါသည်။ အသေးစိတ်မှအစ ဂရုတစိုက်ဖြင့် သေသပ်စွာထုတ်လုပ်ထားခြင်းမှာ Michael Kors နာရီများ၏ တစ်မူထူးခြားသည့်အချက်တစ်ချက်ဖြစ်သည်။ ထို့အပြင် Michael Kors နာရီများကို ခေတ်မီဆန်းသစ်သည့် အ၀တ်အစားများ၊ လက်ကိုင်အိတ်များ အစရှိသည်တို့နှင့် လိုက်ဖက်စွာတွဲဖက်ဝတ်ဆင်နိုင်ရန် အထူးစီမံဒီဇိုင်းဆွဲထုတ်လုပ်ထားပါသည်။


image


Michael Kors သည် နယူးယောက်ရှိ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ယောက်၏ အမည်ကိုအစွဲပြု၍ ပေးထားခြင်းဖြစ်သည်။ ဒီဇိုင်နာ Michael Kors က ကမ္ဘာတ၀ှမ်းရှိ ခေတ်စားနေသော ဖက်ရှင်ဒီဇိုင်းများကို လက်ရာပြောင်မြောက်စွာ ရေးဆွဲလျက်ရှိပြီး ကမ္ဘာ့အသိအမှတ်ပြု ဆုတံဆိပ်များ ရရှိထားသည့် ဖက်ရှင်ပညာရှင်တစ်ယောက်လည်းဖြစ်သည်။ Michael Kors က ၁၉၈၁ ခုနှစ်တွင် ယင်းအမည်ဖြင့် ဖက်ရှင်ကုမ္ပဏီတစ်ခု စတင်တည်ထောင်ခဲ့ပြီး ယနေ့အချိန်တွင် Michael Kors အမှတ်တံဆိပ်ဖြင့် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးထုတ်လုပ်လျက်ရှိသည်။ Michael Kors မှ သင့်ပင်ကိုယ်အလှကို ပေါ်လွင်ထင်ရှားစေမည့် accessory များ၊ ဖိနပ်၊ နာရီ၊ အ၀တ်အထည်၊ မျက်မှန်နှင့် ရေမွှေးအမျိုးမျိုးတို့ကို ခေတ်မီဆန်းသစ်သော ဒီဇိုင်းအမျိုးအမျိုးဖြင့် ထုတ်လုပ်ဖြန့်ချီလျက်ရှိသည်။


image


ဖက်ရှင်လုပ်ငန်းတွင် နာမည်ကြီးသည့် ဒီဇိုင်းနာ Michael Kors သည် ငယ်စဉ်ကတည်းက ဖက်ရှင်လုပ်ငန်းကို စိတ်ဝင်စားသည့် ပါရမီရှင်တစ်ဦးဖြစ်ပြီး တစ်ကိုယ်တော်လုပ်ကိုင်စဉ်မှစ၍ ခေတ်မီဆန်းသစ်ပြီး အများကငေးမောရသည့် ဖက်ရှင်ဒီဇိုင်းများကို တီထွင်ခဲ့သည်။ ထို့ကြောင့် Michael Kors မှ ထုတ်လုပ်သော နာရီနှင့် အခြားအသုံးအဆောင်များသည် အရည်အသွေးမြင့်မားပြီး ဆန်းသစ်လှပသည့်အပြင် အချိန်ကာလမည်မျှပင် ကြာညောင်းစေကာမူ မှေးမှိန်မသွားသည့် ဒီဇိုင်းများဖြစ်သည်။ Michael Kors သည် နိုင်ငံတကာအဆင့်မီ ကျော်ကြားသော အမှတ်တံဆိပ်ဖြစ်ပြီး ယင်း၏ ခေတ်မီဆန်းသစ်ပြီး တည်ငြိမ်လှပသည့် ဒီဇိုင်းများကြောင့် သုံးစွဲသူများအကြား ရေပန်းအစားဆုံး အမှတ်တံဆိပ်အဖြစ် ဈေးကွက်တွင် ရပ်တည်လျက်ရှိသည်။


image


Michael Kors အမှတ်တံဆိပ် ထုတ်ကုန်များ ကမ္ဘာကျော်ရသည့် အကြောင်းအရင်းမှာ ယင်း၏ အစဉ်အမြဲဆန်းသစ်နေသည့် စိတ်ကူးစိတ်သန်းများနှင့် အသစ်အသစ်သော တီထွင်ဖန်တီးမှုများကြောင့် ဖြစ်သည်။ ဒီဇိုင်နာ Michael Kors က ယခင်ကတည်းကခေတ်စားသည့် ရိုးရှင်းပြီး အဆင့်အတန်းမြင့်သော နာရီဒီဇိုင်းများကို ခေတ်မီဆန်းသစ်သည့် ယနေ့ခေတ်ဖက်ရှင်ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသည့်အတွက် ဈေးကွက်တွင် လူကြိုက်များ ကျော်ကြားလျက်ရှိသည်။ အချိန်မရွေး၊ နေရာမရွေးဝတ်ဆင်ရန် သင့်တော်သည့် Michael Kors နာရီများက သင့်ကို ခေတ်နှင့်အညီ ဖက်ရှင်ကျလှပနေစေမည်ဖြစ်သည်။ ဆန်းသစ်လှပသည့် Michael Kors နာရီများကို ရွေးချယ်ခြင်းက သင်၏ ကိုယ်ပိုင်စတိုင်လ်ကို လူကြားထဲတွင် ထင်ပေါ်လှပနေစေမည်ဖြစ်သည်။


အဓိက အကြောင်းအရာများ
  • Dial window material type: Mineral
  • Display type: Analog
  • Clasp Type: jewelry-clasp
  • Case material: Stainless steel
  • Band Material: Stainless-steel-plated
  • Band Colour: Two tone
  • Dial Color: Gold
  • Special features: chronograph, luminous
  • Movement: Japanese Quartz
  • Water resistant depth: 100 meters
  • Two-Year Warranty
  • Additional shipping fees will be charged
ကုန်ပစ္စည်းအချက်အလက် MK6094 Blair Tortoiseshell အမျိုးသမီးဝတ် လက်ပတ်နာရီ - ရွှေရောင်
SKU
MI400FAAAF71NAFAMZ
မော်ဒယ်လ်
MK6094
Weight (kg)
0.2
ဤပစ္စည်းကို ၀ယ်ပြီးအဆင်မပြေလျှင် ပြန်လည်ပေးပို့နိုင်ပါသလား?

ဤပစ္စည်းကို ၀ယ်ယူပြီး အဆင်မပြေမှု တစ်စုံတရာ ရှိပါက သင်လက်ခံရရှိသောနေ့မှ စ၍ ၇ရက်အတွင်း ပြန်လည် ပေးပို့ပြီး ငွေပြန်ထုတ်ယူနိုင်ပါသည်။
အကယ်၍ အခြား ဆိုဒ် (သို့) အရောင်နှင့် လဲလှယ်လိုခြင်းဖြစ်ပါက သင်ဝယ်ယူထားသော ပစ္စည်းကို ပြန်လည် ပေးပို့ပြီးနောက် အော်ဒါထပ်မှာရပါမည်။



မည်ကဲ့သို့ပြန်လည်ပေးပို့နိုင်ပါသလဲ?

သင်၏အော်ဒါကို အွန်လိုင်းမှ တဆင့် ပြန်လည်ပေးပို့ရန် ဆက်သွယ်နိုင်သကဲ့သို့ Customer Service : 01-8604371 သို့ဆက်သွယ်ပြီး အကြောင်းကြားနိုင်ပါသည်။



မည်သည့်အခြေအနေများလိုအပ်ပါသလဲ?

အောက်ပါအခြေအနေများနှင့်ကိုက်ညီမှုရှိပါက သင်၏ ပြန်လည်ပေးပို့မှုကိုလက်ခံနိုင်ပါသည်။

- ကုန်ပစ္စည်းသည် နဂိုမူလ ထုတ်ပိုးထားသော ပုံစံရှိရပါမည်။

- ကုန်ပစ္စည်းသည် အသစ်အတိုင်းရှိရမည်ဖြစ်ပြီး အသုံးပြုထားခြင်း မရှိရပါ။

- ကုန်ပစ္စည်း ပျက်စီးယိုယွင်းနေခြင်း မရှိရပါ။

- လာပို့စဉ်ကအတိုင်း အမှတ်တံဆိပ် ကပ်ပြားများ ပါရှိရပါမည်။


အတွင်းခံ၊ရေကူးဝတ်စုံတို့ကို ပြန်လည်ပေးပို့လိုသည့်အခါ နဂိုပါကင်အထုတ်အတိုင်း ဖြစ်ရပါမည်။ လဲလှယ်/ပေးပို့လိုသော ကုန်ပစ္စည်းအား ကျွန်ုပ်တို့ဘက်မှလာရောက်မယူခင် (သို့) သင်ပြန်လာမပေးခင် အထိ ပစ္စည်းအား နဂိုမူလပုံစံအတိုင်း ထိန်းသိမ်းထားရပါမည်။ အကယ်၍ ကုန်ပစ္စည်း (သို့) ထုတ်ပိုးထားသော ပါကင် ပျက်စီးနေပါက ပြန်လည် ပေးပို့မှုကို လက်ခံမည် မဟုတ်သောကြောင် ကုန်ပစ္စည်းအား သေသေချာချာ ထိန်းသိမ်း ထားရှိရန် လိုအပ်ပါသည်။



နောက်ထပ် မည်သည့်အဆင့်တွေလိုအပ်ပါသလဲ?

သင်ဝယ်ယူခဲ့သောကုန်ပစ္စည်းအား ပြန်လည်ပေးပို့လိုကြောင်း အကြောင်းကြားပြီးပါက ကျွန်ုပ်တို့မှ ပစ္စည်းပြန်လည်ပို့ဆောင်ရန် သင့်အား ဆက်သွယ်ပေးပါမည်


သင်ကိုယ်တိုင်လည်း ကျွန်ုပ်တို့၏ ရုံးသို့ လာရောက်ပေးပို့နိုင်ပါသည်။

- အကယ်၍ ကျွန်ုပ်တို့၏ စည်းမျဉ်းများနှင့် ကိုက်ညီမှု မရှိပါက ငွေပြန်အမ်းခြင်း မရှိဘဲ ကုန်ပစ္စည်းအား သင့်ထံသို့ ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။ - ပြန်ပို့သောကုန်ပစ္စည်းအား စစ်ဆေးပြီး စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိပါက ရုံးဖွင့်ရက် (အများဆုံး) ၁၄ရက်အတွင်း ပစ္စည်းတန်ဖိုး ပြန်အမ်းငွေအား ပြန်ထုတ်ပေးမည် ဖြစ်ပါသည်။