လူတိုင်းအတွက် အချိန်ကုန် လူပင်ပန်းသက်သာစေမယ့် Shop Mart!



ဒီတပတ် အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေကို ရှော့ပင်မောလ်မှာသွားဝယ်ချင်ပေမဲ့လည်း ရုံးကတဖက်ကျောင်းကတဖက်နဲ့မို့ မအားမလပ်ဖြစ်နေလား? အားလပ်ရက်မှာ ပျော်ပျော်ပါးပါးလည်ပတ်ချင်ပေမဲ့လည်း ဈေးထဲမှာပဲ ဈေးဝယ်ရင်း အချိန်ကုန်နေရလို့ စိတ်ညစ်နေပြီလား? ဘယ်စူပါမားကတ်ကိုမှ သွားစရာမလိုဘဲ အိမ်အတွက်နေ့စဉ်လိုအပ်သမျှ အသုံးအဆောင်၊ အလှကုန်၊ အစားအသောက် အားလုံးကို ထိုင်ရာမထဘဲ ရရှိနိုင်မယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ သင့်အတွက်အဖြေက Shop Mart မှာရှိတယ်နော်!

လူတွေများပြားရှုပ်ထွေးတဲ့ ရှော့ပင်စင်တာတွေကို သွားရတာငြီးငွေ့လာပြီလား? လစဉ်လိုအပ်တဲ့ အိမ်အတွက်ပစ္စည်းလေးတွေကို သွားဝယ်ဖို့အတွက် ကားဓာတ်ဆီကုန်၊ အချိန်ကုန်ရတာကို တွေးမိနေပြီလား? Shop Mart ကိုသာ ရွေးချယ်လိုက်ပါ။ Shop Mart ဆိုတာကတော့ အိမ်ရှင်မများ၊ကျောင်းသူကျောင်းသားများနဲ့ ဝန်ထမ်းများအားလုံးအတွက် အွန်လိုင်းစူပါမားကတ်တစ်ခုပါပဲ။ လူသားတို့လိုအပ်တဲ့ နေ့စဉ်သုံးပစ္စည်းများကို ရန်ကုန်မြို့အတွင်းသာမက ကုန်ပစ္စည်းများ စုံစုံလင်လင်မရောက်ရှိနိုင်တဲ့ နယ်မြို့တွေအတွက်ပါ အဆင်ပြေချောမွေ့စေဖို့ Shop.com.mmမှ စုစည်းတင်ဆက်လိုက်ပါတယ်။

အချိန်ကုန်လူပန်း သက်သာစေမယ့်အပြင် လျှော့ဈေးနဲ့ ပရိုမိုးရှင်းတွေပါ အမြဲလိုလိုရှိနေတာမို့ အပြင်မှာ ဝယ်ရတာထက်လည်း သက်သာစေမှာ အမှန်ပါပဲ။ နေ့စဉ် အသုံးပြုဖို့လိုအပ်တဲ့ အိမ်အသုံးအဆောင်ပစ္စည်းကအစ အလှကုန်၊ မီးဖိုချောင်သုံးပစ္စည်း၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ စားသောက်ကုန်၊ ဆေးဝါးနဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေပါ စုံလင်စွာ ရရှိနိုင်မယ့် Shop Mart ကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အွန်လိုင်းကတဆင့် မှာယူလိုက်တာနဲ့ အိမ်အရောက်ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုနဲ့အတူ ပစ္စည်းလက်ဝယ်ရောက်မှ ငွေပေးချေရုံပဲဆိုတော့ ဘာကိုစောင့်နေဦးမလဲ? ဒီတပတ်အားလပ်ရက်မှာ ဈေးထွက်ဝယ်စရာမလိုတော့ဘဲ မိသားစုနဲ့ ပျော်စရာအချိန်တွေဖန်တီးနိုင်ပြီပေါ့!