Shop.com.mm အွန်လိုင်းရှော့ပင်ရဲ့ ဝယ်ယူအားပေးသူများဆီကို နောက်ဆုံးပေါ် ကုန်ပစ္စည်းများ အမြဲသယ်ဆောင်လာပေးရန် ကတိပေးထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး အဆိုတော်တစ်ယောက်ဖြစ်တဲ့ နီနီခင်ဇော်ရဲ့ "Super Red" နှုတ်ခမ်းနီများကိုစတင်မိတ်ဆက်ပေးလိုက်ပါပြီ။ "Super Red" မှာဆိုရင် matte type နှုတ်ခမ်းနီ အရောင်လေးမျိုးပါဝင်ပြီး ဘယ်အမျိုးသမီး အသက်အရွယ်နဲ့မဆို လိုက်ဖက်စေမယ့်အပြင် ဘယ်လိုပွဲအခမ်းအနားမျိုးမှာ မဆို သင့်လျော်ပွဲတိုးစေမှာပဲ ဖြစ်ပါတယ်။ လှပချစ်စဖွယ်ကောင်းတဲ့ဘူးလေးများနဲ့ "Super Red" နှုတ်ခမ်းနီများဟာ နီနီ့ကိုအားပေးကြတဲ့ ချစ်ပရိတ်သတ်များနဲ့ နှုတ်ခမ်းနီရူးသွပ်သူ မိန်းကလေးများရဲ့ အသဲစွဲဖြစ်လာမှာ သေချာပါတယ်။ ထိုင်းနိုင်ငံမှ အော်ဒါမှာပြီး ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းနီများ ဖြစ်တဲ့အတွက် အရည်အသွေးပိုင်းမှာ ပြောစရာမလိုအောင် ကောင်းမွန်တဲ့အပြင် အရောင် လေးများဟာလည်း စွဲမက်ဖွယ်ကောင်းပြီး ကြာရှည်ခံပါတယ်။

နီနီ့ရဲ့ နှုတ်ခမ်းနီများကို ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့ shop.com.mm မှာ ကိုယ်တိုင်မှာယူနိုင်တဲ့အပြင် Customer Service ဌာန - ၀၁-၈၆၀၄၃၇၁၊ ၀၉-၉၇၀၁၆၀၀၀၆ ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်။ အပြင်ဆိုင်တွေကို နေပူခံ၊မိုးစိုခံပြီး သွားစရာမလို၊ လူတန်းစီစရာမလိုဘဲ အွန်လိုင်းက မှာယူလိုက်ရုံနဲ့ အိမ်အရောက်ပို့ပေးမှာဆိုတော့ အရမ်းအဆင်ပြေစေပါတယ်။ မှာယူလိုက်တာနဲ့ ၂ရက်မှ ၄ရက်အတွင်းပို့ဆောင်ပေးမှာ ဖြစ်ပြီး ပစ္စည်းရမှ ငွေပေးချေရမယ့် စနစ်ပါပဲ။ Super Red Cosmetics ရဲ့ တရားဝင်ကိုယ်စားလှယ် ဖြစ်တာကြောင့် အတုအပ စိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်။ သင့်ရဲ့အလှတရားကို ပိုမိုပြည့်စုံစေချင်ရင်တော့ အရမ်းခေတ်စားနေပြီး ဈေးနှုန်းလည်း ချိုသာတဲ့ Super Red နှုတ်ခမ်းနီလေးတွေကို သင့်ရဲ့အိတ်ထဲမှာ ဆောင်ထားဖို့တော့လိုပြီနော်!