တက်ဘလက်များ ကုန်ပစ္စည်း 49 ခုရှာတွေ့ပါသည်

နောက်ဆုံးပေါ်တက်ဘလက်များကို မြန်မာနိုင်ငံရဲ့ အွန်လိုင်းစတိုး Shop.com.mmမှာ ဝယ်ယူလိုက်ပါ



ယခုအခါမှာ တက်ဘလက်များဟာ လူအများကြား ရေပန်းစားတဲ့ နည်းပညာပစ္စည်းတစ်ခုဖြစ်လာနေပါပြီ။ မိုဘိုင်းဖုန်းများကို ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ ကုမ္ပဏီအများစုဟာ တက်ဘလက်ထုတ်လုပ်ခြင်းကိုပါ တွဲဖက်လုပ်ဆောင်လာကြပြီး shop.com.mm မှာဆိုရင်လည်း ဖုန်းများနဲ့အပြိုင်ရောင်းချရမှု များပြားလျက်ရှိပါတယ်။ အသုံးဝင်နည်းစနစ်များစွာပါဝင်လာမှုနဲ့အတူ ပိုမိုကြီးမားတောက်ပတဲ့ မျက်နှာပြင်တို့နဲ့ Apple , Samsung စတဲ့ ကုမ္ပဏီများရဲ့ တက်ဘလက်ထုတ်ကုန်များက အသက်ရှုမှားရလောက်အောင် အသုံးပြုသူများကို ဆွဲဆောင်နိုင်ပါတယ်။ စာဖတ်ဖို့၊ ဂိမ်းဆော့ဖို့အပြင် ရုံးနဲ့လုပ်ငန်းခွင်များမှာပါ အသုံးပြုဖို့အဆင်ပြေတဲ့ တက်ဘလက်များဟာ နိုင်ငံတကာမှာဆိုရင် ကလေးငယ်များအတွက် သင်ကြာရေးထောက်ကူပစ္စည်းအဖြစ်ပါ အသုံးဝင်လာပြီ ဖြစ်ပါတယ်။ Apple မှထုတ်တဲ့ iPad များဟာဆိုရင် ပါးလွှာပေါ့ပါးပြီး တောက်ပထက်မြက်တဲ့ ဒီဇိုင်းနဲ့အတူ သင်မငြင်းဆန်နိုင်တဲ့ အသုံးဝင် features များစွာ ပါဝင်လာတဲ့အတွက် ယခုအချိန်မှာ ထိပ်ဆုံးကရပ်တည်နေုနိုင်တာပဲ ဖြစ်ပါတယ်။ ကွန်ပြူတာတစ်လုံးလို အသုံးဝင်တာကြောင့် အလွယ်တကူ အိတ်ထဲထည့်သယ်ဆောင်သွားနိုင်ပြီး မျက်စိကိုထိခိုက်စေမှုမှ ကာကွယ်ပေးနိုင်တဲ့ မျက်နှာပြင်ကိုဖန်တီးထုတ်လုပ်ထားတာကြောင့် တက်ဘလက် ကောင်းကောင်းအသုံးပြုလိုသူများအတွက် ရွေးချယ်သင့်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Shop.com.mm မှာ Android စနစ်သုံး တက်ဘလက်များနဲ့ iPad များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိပါတယ်။

အချိုသာဆုံးဈေးနှုန်းနဲ့ တက်ဘလက်ပစ္စည်းများကို Shop မှာရှာဖွေလိုက်ပါ



တက်ဘလက်တစ်လုံးဝယ်ယူပြီးပြီဆိုရင် သူ့ရဲ့တွဲဖက်ပစ္စည်းများနဲ့ အသုံးဝင်ပစ္စည်းလေးများကိုလည်း ဝယ်ယူထားသင့်ပါတယ်။ သင့်ရဲ့တက်ဘလက်ကို အသစ်အတိုင်း သန့်ရှင်းတောက်ပြောင်စေဖို့ အတွက် ကာဗာ၊ အိတ်နဲ့ အခြားသောအသုံးဝင်ပစ္စည်းများကို Shopမှာ ရှာဖွေဝယ်ယူနိုင်ပါပြီ။ တဘလက်အားသွင်းကြိုး၊ ပါဝါဘန့် အစရှိတဲ့ပစ္စည်းလေးများ မှာယူရင်တောင် အိမ်အရောက်ပို့ဆောင်ပေးမယ့် shop.com.mm မှာ အချိန်အခါအလိုက် လျှော့ဈေးနဲ့ပရိုမိုးရှင်းအစီအစဉ်များရှိတာကြောင့် အမြဲဝင်ရောက်ရှာဖွေဖို့ မမေ့ပါနဲ့။ Shop app ကိုအသုံးပြုပြီးတော့လည်း လွယ်ကူစွာ ဝယ်ယူနိုင်ပါပြီ။