9322SL03 အမျိုးသားဝတ် လက်ပတ်နာရီ - အညိုရောင်
Titan

Titan 9322SL03 အမျိုးသားဝတ် လက်ပတ်နာရီ - အညိုရောင်

  • ရောင်းချသူ NXT9_Titan
  • ပစ္စည်းပို့ရန် ကြာချိန် 2 - 7 ရက် ရုံးဖွင့်ရက်အတွင်း ပို့ပေးပါသည်။
    အာမခံချက်
    ပစ္စည်းအာမခံ အကြောင်းဖတ်ရန် ဤနေရာကိုနှိပ်ပါ
    Two-Year
ပစ္စည်းရောက် ငွေချေစနစ်
၇ရက်အတွင်း အခမဲ့ပြန်ပို့နိုင်မှု

အသေးစိတ်ကြည့်ရန် : Return Policy

ကုန်ပစ္စည်း စစ်မှန်မှု
Titan ကုမ္ပဏီသည် နောင်ခေတ်စားလာမည့် quartz နည်းပညာကို နိုင်ငံတကာဒီဇိုင်းအသွင်တို့ဖြင့်ပေါင်းစည်းကာ အိန္ဒိယနာရီဈေးကွက်သို့ အပြောင်းအလဲကြီးတစ်ခုယူဆောင်လာခဲ့သည်။ Titan ကုမ္ပဏီသည် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်နာရီများပြုလုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကမ္ဘာ့ပဉ္စမအကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ "Titan" အမည်ဖြင့်နာရီများကိုသာမက လွန်ခဲ့သောနှစ်အနည်းငယ်ခန့်မှစပြီး "Tanishq" အမှတ်တံဆိပ်ဖြင့်လည်း လက်ဝတ်ရတနာများ ပြုလုပ်ရောင်းချလျက်ရှိရာ ယခုအခါအမှတ်တံဆိပ်နှစ်ခုလုံးဖြင့် အိန္ဒိယတွင် လူကြိုက်အများဆုံးဖြစ်လျက်ရှိသည်။

image

၁၉၈၄ ခုနှစ်တွင် တမီးစီးပွားရေးအုပ်စုကြီးနှင့် တမီးနာဒူးစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကော်ပိုရေးရှင်းတို့ပေါင်းစည်းမိရာမှ Titan အမှတ်တံဆိပ်မှာ သက်ဝင်လှုပ်ရှားအောင်မြင်လာခဲ့ခြင်းဖြစ်သည်။ "Titan quartz" နာရီများကို သမရိုးကျဒီဇိုင်းများမှကွဲကာ နိုင်ငံတကာဒီဇိုင်းအသွင်များဖြင့် ချပြပြီး အိန္ဒိယနာရီဈေးကွက်လောကကြီးကို Titan ကုမ္ပဏီမှပြောင်းလဲခဲ့သည်။ ဈေးနှုန်းချိုသာပြီး လုပ်ဆောင်ချက်စုံလင်ကာ စတိုင်ကျနလှပသည့်ဒီဇိုင်းတို့ဖြင့် လူကြိုက်များလှသည့် Sonata အမှတ်တံဆိပ်ဖြင့် Titan ကုမ္ပဏီမှ မိတ်ဆက်ပေးပြီးနောက် လူငယ်များအကြားရေပန်းစားစေမည့် ခေတ်မီကြော့မော့သည့်ဒီဇိုင်းတို့ဖြင့် Fastrack အမှတ်တံဆိပ်ကို တတိယအကြိမ်မြောက် တစ်ဖန်မိတ်ဆက်ခဲ့သည်။ ယခုအခါ ကမ္ဘာအနှံ့ နာရီအလုံးပေါင်း ၁၅၀ သိန်းပေါင်းရောင်းချပြီးဖြစ်ကာ နှစ်စဉ်နှင့်အမျှလည်း နာရီအလုံးပေါင်း ၁၅ သန်းထုတ်လုပ်လျက်ရှိသည်။

image

Titan အမှတ်တံဆိပ်သည် အသစ်အသစ်သော နည်းပညာများနှင့် ဆန်းသစ်သောတီထွင်မှုများကို အစဉ်အမြဲဖော်ထုတ် ချပြလျက်ရှိသောကြောင့် ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံးအမှတ်တံဆိပ် တစ်ခုအဖြစ် လူသိများကျော်ကြားသည်။ ခိုင်ခံမှု၊ ကြာရှည်ခံမှုနှင့် အခြားဒီဇိုင်းပိုင်းဆိုင်ရာတို့တွင် ပြောစရာမလိုအောင် ကောင်းမွန်သည့်အတွက် နှစ်ပေါင်း ၂၅နှစ်ကျော်ကြာ သူမတူအောင် ထူးခြားကောင်းမွန်သည့် အကောင်းဆုံးအမှတ်တံဆိပ်တစ်ခုအဖြစ် ဈေးကွက်တွင် ရပ်တည်နိုင်ခဲ့သည်။ ဆန်းသစ်လှပပြီး အဆင့်အတန်းမြင့်သည့် နာရီဒီဇိုင်းများဖြစ်သည့်အပြင် နောက်ဆုံးပေါ်ခေတ်မီနည်းပညာများဖြင့် အကောင်းဆုံးထုတ်လုပ်ထားသည့်အတွက် မည်သည့်အခါမှ ရိုးမသွားသည့် အရည်အသွေးမြင့်နာရီများဖြစ်သည်။ နိုင်ငံပေါင်း ၄၀ကျော်မှ ၀ယ်ယူအားပေးသူများကြောင့် ယခုအခါတွင် ကမ္ဘာပေါ်တွင် ရောင်းအားကောင်းပြီး အရည်အသွေးမြင့်သည့်နာရီများအဖြစ် ထင်ပေါ်ကျော်ကြားလျက်ရှိသည်။

image

Titan အပါအ၀င် Fastrack, Sonata နှင့် Xylys အမှတ်တံဆိပ်လေးမျိုးမှာ ဈေးကွက်တွင် နာမည်ကြီးအမှတ်တံဆိပ်များဖြစ်သည်။ Titan အမှတ်တံဆိပ်မှာ အလတ်တန်းစားနှုန်းထားနှင့် ကောင်းမွန်သော အရည်အသွေးကို အဓိကထားထုတ်လုပ်ထားပြီး Fastrack အမှတ်တံဆိပ် နာရီများမှာ ခေတ်မီခြင်းနှင့် နုနယ်ပျိုမျစ်မှုကို ထင်ဟပ်စေသော နာရီများဖြစ်သည်။ Sonata အမှတ်တံဆိပ်သည် ဈေးကွက်တွင် နာရီဒီဇိုင်းအမျိုးမျိုးကို အလုံးရေများစွာ ထုတ်လုပ်လျက်ရှိသော အမှတ်တံဆိပ်ဖြစ်ပြီး Xylys အမှတ်တံဆိပ်နာရီများမှာ အကောင်းဆုံးအရည်အသွေးရှိ နာရီများအဖြစ်ဈေးကွက်တွင် ထင်ပေါ်ကျော်ကြား လူကြိုက်များလျက်ရှိသည်။ ပြောင်မြောက်သော အနုပညာတစ်ရပ်ကို ဖော်ကျူးထားသည့် Titan အမှတ်တံဆိပ်မှ အခြားသော တံဆိပ်အခွဲများကိုလည်း ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ဖြန့်ချီလျက်ရှိသည်။ Titan အပါအ၀င် အခြားတံဆိပ်ခွဲပေါင်းများစွာသည် ယခုအချိန်တွင် လူကြိုက်အများဆုံး အမှတ်တံဆိပ်များအဖြစ် ဈေးကွက်တွင် ဦးဆောင်လျက်ရှိသည်။ Titan မှ ထင်ရှားသော collection အခွဲများမှာ Titan Edge, Titan Raga, Nebula, Zoop, Orion, Purple, Obaku, Automatic, Tycoon, Bandhan, Octane နှင့် HTSE series တို့ဖြစ်သည်။

image

အဓိက အကြောင်းအရာများ
  • Two-Year Official Warranty
  • Analog Watch
  • Dial Colour : Silver
  • Material : Brass
  • Strap : Leather
  • Function : PLAIN 3 HANDS +DATE @ 3H
  • Additional shipping fees will be charged.
ကုန်ပစ္စည်းအချက်အလက် 9322SL03 အမျိုးသားဝတ် လက်ပတ်နာရီ - အညိုရောင်
SKU
TI082FA17YOUONAFAMZ
မော်ဒယ်လ်
9322SL03
Weight (kg)
0.2
Colour
Brown
Product warranty
Two-Year
  • 5 မှတ်
    (0)
  • 4 မှတ်
    (0)
  • 3 မှတ်
    (0)
  • 2 မှတ်
    (0)
  • 1 မှတ်
    (0)
ပျမ်းမျှအမှတ်ပေးချက်
0
အမှတ်ပေးထားခြင်းမရှိသေးပါ
ဤကုန်ပစ္စည်းအား သင်ယခင်က သုံးစွဲဖူးပါသလား?
သုံးသပ်ချက် ရေးရန်

၇ရက်အတွင်း ပြန်လည်လဲလှယ်နိုင်ခြင်း

"ဝယ်ယူထားသောပစ္စည်း လက်ခံရရှိစဉ် ပျက်စီးနေခြင်း/ပစ္စည်းအမျိုးအစားမှားယွင်းနေခြင်း စသည်တို့ဖြစ်ပါက ပြန်လဲလှယ်ရန် ပစ္စည်းပို့ဆောင်ပြီး ၇ရက်အတွင်း ဖုန်း- 09 973 203 566သို့ အကြောင်းကြားပေးရန်လိုအပ်ပါသည်။ ပစ္စည်းတူအသစ်ဖြင့် အခမဲ့ ပြန်လဲနိုင်ပါသည်။ တူညီသောပစ္စည်းကို မရရှိနိုင်ပါက ပြန်အမ်းငွေပြန်လည်ထုတ်ပေးပါမည်။ "


"ပစ္စည်းကိုမလိုအပ်တော့ခြင်းကြောင့် ပြန်လဲခြင်း မပြုလုပ်နိုင်ပါ။ မလိုအပ်တော့ခြင်းဆိုသည်မှာ ပစ္စည်းကို သုံးစရာမလိုတော့၍ ပြန်ပို့လိုခြင်း၊ မဝယ်လိုတော့ခြင်း၊ ဆိုဒ်မတော်ခြင်း၊ ဖွင့်ကြည့်ပြီးမှ မကြိုက်ခြင်းတို့ ပါဝင်ပါသည်။"


လိုအပ်သည့် အခြေအနေများ 
  1. ၁။ ကုန်ပစ္စည်းသည် နဂိုမူလ ထုတ်ပိုးထားသော ပုံစံရှိရပါမည်။ ဖက်ရှင်အဝတ်အထည်များကိုမိမိနှင့်ကိုက်ညီမှုရှိမရှိစမ်းသပ်ဝတ်ဆင်ကြည့်နိုင်သော်လည်း ဝယ်ယူစဉ်ကအတိုင်းအထုတ်အပိုးနှင့်ပုံစံမပျက်ရှိရပါမည်။ ဝယ်ယူစဉ်ကအတိုင်း အသစ်အခြေအနေမရှိသောကုန်ပစ္စည်းများကို ပြန်လည်ပေးပို့မှု လက်ခံမည်မဟုတ်ပါ။
  2. ၂။ ပြန်လည်ပေးပို့လိုသည့်အခါ နဂိုဝယ်ယူစဉ်ကပါရှိသော တံဆိပ်များ၊အာမခံကဒ်ပြားများ၊လက်ဆောင်များ၊အသုံးပြုရန်အညွှန်းစာအုပ်၊တွဲဖက်ပစ္စည်းများ အစရှိသည်တို့ အပြည့်အစုံပါဝင်ရပါမည်။
  3. ၃။ ကုန်ပစ္စည်းနှင့် ထုတ်ပိုးထားသောပုံများအထုတ်များ ပျက်စီးယိုယွင်းနေခြင်း မရှိရပါ။ အထုတ်အပိုးကို ပြန်လည်ပေးပို့ကြောင်းစာရွက်နှင့်တကွ ပြန်လည်ပို့ဆောင်ရပါမည်။ ထုတ်ပိုးထားသောဘူးခွံ၊အိတ်များပေါ်တွင် တိပ်များစတစ်ကာများ မကပ်ရပါ။
  4. ၄။ ဖုန်း/တက်ဘလက်တို့ကို ပြန်ပို့ဆောင်လျှင် ဝယ်ယူစဉ်ကအတိုင်း ရှိရမည်ဖြစ်ပြီး အတွင်းရှိကိုယ်ပိုင်အချက်အလက်များကို ဖျက်ထားရပါမည်၊ လျှို့ဝှက်ကုဒ်များ ပေးထားခြင်းကို ပြန်ဖျက်ထားရပါမည်။ Apple စက်များအတွက် icloud အကောင့်များ unlock ထားရပါမည်။"

အထက်ပါအချက်များနှင့် ကိုက်ညီမှုမရှိပါက ပြန်လည်ပေးပို့ခြင်း/လဲလှယ်လိုခြင်းကို ပြုလုပ်ပေးနိုင်မည် မဟုတ်ပါ။


မည်သို့ပြန်လည်ပို့ဆောင်ရမည်ကို အသေးစိတ်သိလိုပါက ဤနေရာကို နှိပ်ပါ။