NF1639SM02 အမျိုးသားဝတ် လက်ပတ်နာရီ - ငွေရောင်
Titan

Titan NF1639SM02 အမျိုးသားဝတ် လက်ပတ်နာရီ - ငွေရောင်

  • ရောင်းချသူ NXT9_Titan
  • ပစ္စည်းပို့ရန် ကြာချိန် 2 - 7 ရက် ရုံးဖွင့်ရက်အတွင်း ပို့ပေးပါသည်။
    အာမခံချက်
    ပစ္စည်းအာမခံ အကြောင်းဖတ်ရန် ဤနေရာကိုနှိပ်ပါ
    Two-Year
ပစ္စည်းရောက် ငွေချေစနစ်
၇ရက်အတွင်း အခမဲ့ပြန်ပို့နိုင်မှု

အသေးစိတ်ကြည့်ရန် : Return Policy

ကုန်ပစ္စည်း စစ်မှန်မှု
Titan ကုမ္ပဏီသည် နောင်ခေတ်စားလာမည့် quartz နည်းပညာကို နိုင်ငံတကာဒီဇိုင်းအသွင်တို့ဖြင့်ပေါင်းစည်းကာ အိန္ဒိယနာရီဈေးကွက်ကို အပြောင်းအလဲအကြီးတစ်ခုယူဆောင်လာခဲ့သည်။ Titan ကုမ္ပဏီသည် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်နာရီများပြုလုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကမ္ဘာ့ပဉ္စမအကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ "Titan" အမည်ဖြင့်နာရီများကိုသာမက လွန်ခဲ့သောနှစ်အတန်ငယ်က "Tanishq" အမှတ်တံဆိပ်ဖြင့်လည်း လက်ဝတ်ရတနာများ ပြုလုပ်ရောင်းချလျက်ရှိရာ ယခုအခါအမှတ်တံဆိပ်နှစ်ခုလုံးဖြင့် အိန္ဒိယတွင်လူအသိများဆုံးနှင့်လူအကြိုက်များဆုံးဖြစ်လျက်ရှိသည်။

image

၁၉၈၄ ခုနှစ်တွင် တမီးစီးပွားရေးအုပ်စုကြီးနှင့် တမီးနာဒူးစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကော်ပိုရေးရှင်းတို့ပေါင်းစည်းမိရာမှ Titan အမှတ်တံဆိပ်မှာ သက်ဝင်လှုပ်ရှားအောင်မြင်လာခဲ့ခြင်းဖြစ်သည်။ "Titan quartz" နာရီများကို သမရိုးကျဒီဇိုင်းများမှကွဲကာ နိုင်ငံတကာဒီဇိုင်းအသွင်းများဖြင့် ချပြပြီး အိန္ဒိယနာရီဈေးကွက်လောကကြီးကို Titan ကုမ္ပဏီမှပြောင်းလဲခဲ့သည်။ ဈေးနှုန်းချိုသာပြီး လုပ်ဆောင်ချက်စုံလင်ကာ စတိုင်ကျနလှပသည့်ဒီဇိုင်းတို့ဖြင့် လူကြိုက်များလှသည့် Sonata အမှတ်တံဆိပ်ဖြင့် Titan ကုမ္ပဏီမှ မိတ်ဆက်ပေးပြီးနောက် လူငယ်များအကြားရေပန်းစားစေမည့် ခေတ်မီကြောမော့သည့်ဒီဇိုင်းတို့ဖြင့် Fastrack အမှတ်တံဆိပ်ကို တတိယအကြိမ်အမြောက် တစ်ဖန်မိတ်ဆက်ခဲ့သည်။ ယခုအခါ ကမ္ဘာအနှံ့ နာရီအလုံးပေါင်း ၁၅၀ သိန်းပေါင်းရောင်းချပြီးဖြစ်ကာ နှစ်စဉ်နှင့်အမျှလည်း နာရီအလုံးပေါင်း ၁၅ သန်းထုတ်လုပ်လျက်ရှိသည်။

image

Titan အမှတ်တံဆိပ်သည် အသစ်အသစ်သော နည်းပညာများနှင့် ဆန်းသစ်သောတီထွင်မှုများကို အစဉ်အမြဲဖော်ထုတ် ချပြလျက်ရှိသောကြောင့် ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံးအမှတ်တံဆိပ် တစ်ခုအဖြစ် လူသိများကျော်ကြားသည်။ ခိုင်ခံမှု၊ ကြာရှည်ခံမှုနှင့် အခြားဒီဇိုင်းပိုင်းဆိုင်ရာတို့တွင် ပြောစရာမလိုအောင် ကောင်းမွန်သည့်အတွက် နှစ်ပေါင်း ၂၅နှစ်ကျော်ကြာ သူမတူအောင် ထူးခြားကောင်းမွန်သည့် အကောင်းဆုံးအမှတ်တံဆိပ်တစ်ခုအဖြစ် ဈေးကွက်တွင် ရပ်တည်နိုင်ခဲ့သည်။ ဆန်းသစ်လှပပြီး အဆင့်အတန်းမြင့်သည့် နာရီဒီဇိုင်းများဖြစ်သည့်အပြင် နောက်ဆုံးပေါ်ခေတ်မီနည်းပညာများဖြင့် အကောင်းဆုံးထုတ်လုပ်ထားသည့်အတွက် မည်သည့်အခါမှ ရိုးမသွားသည့် အရည်အသွေးမြင့်နာရီများဖြစ်သည်။ နိုင်ငံပေါင်း ၄၀ကျော်မှ ၀ယ်ယူအားပေးသူများကြောင့် ယခုအခါတွင် ကမ္ဘာပေါ်တွင် ရောင်းအားကောင်းပြီး အရည်အသွေးမြင့်သည့်နာရီများအဖြစ် ထင်ပေါ်ကျော်ကြားလျက်ရှိသည်။

image

Titan အပါအ၀င် Fastrack, Sonata နှင့် Xylys အမှတ်တံဆိပ်လေးမျိုးမှာ ဈေးကွက်တွင် နာမည်ကြီးအမှတ်တံဆိပ်များဖြစ်သည်။ Titan အမှတ်တံဆိပ်မှာ အလတ်တန်းစားနှုန်းထားနှင့် ကောင်းမွန်သော အရည်အသွေးကို အဓိကထားထုတ်လုပ်ထားပြီး Fastrack အမှတ်တံဆိပ် နာရီများမှာ ခေတ်မီခြင်းနှင့် နုနယ်ပျိုမျစ်မှုကို ထင်ဟပ်စေသော နာရီများဖြစ်သည်။ Sonata အမှတ်တံဆိပ်သည် ဈေးကွက်တွင် နာရီဒီဇိုင်းအမျိုးမျိုးကို အလုံးရေများစွာ ထုတ်လုပ်လျက်ရှိသော အမှတ်တံဆိပ်ဖြစ်ပြီး Xylys အမှတ်တံဆိပ်နာရီများမှာ အကောင်းဆုံးအရည်အသွေးရှိ နာရီများအဖြစ်ဈေးကွက်တွင် ထင်ပေါ်ကျော်ကြား လူကြိုက်များလျက်ရှိသည်။ ပြောင်မြောက်သော အနုပညာတစ်ရပ်ကို ဖော်ကျူးထားသည့် Titan အမှတ်တံဆိပ်မှ အခြားသော တံဆိပ်အခွဲများကိုလည်း ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ဖြန့်ချီလျက်ရှိသည်။ Titan အပါအ၀င် အခြားတံဆိပ်ခွဲပေါင်းများစွာသည် ယခုအချိန်တွင် လူကြိုက်အများဆုံး အမှတ်တံဆိပ်များအဖြစ် ဈေးကွက်တွင် ဦးဆောင်လျက်ရှိသည်။ Titan မှ ထင်ရှားသော collection အခွဲများမှာ Titan Edge, Titan Raga, Nebula, Zoop, Orion, Purple, Obaku, Automatic, Tycoon, Bandhan, Octane နှင့် HTSE series တို့ဖြစ်သည်။

image

အဓိက အကြောင်းအရာများ
  • Two-Year Official Warranty
  • Case: Brass
  • Strap: Metal
  • Dial Color: Black
  • Functionality: Regular
  • Water resistance: 3 Atm
  • Glass: Mineral Glass
  • Display Type: Analog
  • Additional shipping fees will be charged.
ကုန်ပစ္စည်းအချက်အလက် NF1639SM02 အမျိုးသားဝတ် လက်ပတ်နာရီ - ငွေရောင်
SKU
TI082FAAAH0NNAFAMZ
မော်ဒယ်လ်
NF1639SM02
Weight (kg)
0.2
Colour
Silver
Product warranty
Two-Year
  • 5 မှတ်
    (0)
  • 4 မှတ်
    (0)
  • 3 မှတ်
    (0)
  • 2 မှတ်
    (0)
  • 1 မှတ်
    (0)
ပျမ်းမျှအမှတ်ပေးချက်
0
အမှတ်ပေးထားခြင်းမရှိသေးပါ
ဤကုန်ပစ္စည်းအား သင်ယခင်က သုံးစွဲဖူးပါသလား?
သုံးသပ်ချက် ရေးရန်
ဤပစ္စည်းကို ၀ယ်ပြီးအဆင်မပြေလျှင် ပြန်လည်ပေးပို့နိုင်ပါသလား?

ဤပစ္စည်းကို ၀ယ်ယူပြီး အဆင်မပြေမှု တစ်စုံတရာ ရှိပါက သင်လက်ခံရရှိသောနေ့မှ စ၍ ၇ရက်အတွင်း ပြန်လည် ပေးပို့ပြီး ငွေပြန်ထုတ်ယူနိုင်ပါသည်။
အကယ်၍ အခြား ဆိုဒ် (သို့) အရောင်နှင့် လဲလှယ်လိုခြင်းဖြစ်ပါက သင်ဝယ်ယူထားသော ပစ္စည်းကို ပြန်လည် ပေးပို့ပြီးနောက် အော်ဒါထပ်မှာရပါမည်။



မည်ကဲ့သို့ပြန်လည်ပေးပို့နိုင်ပါသလဲ?

သင်၏အော်ဒါကို အွန်လိုင်းမှ တဆင့် ပြန်လည်ပေးပို့ရန် ဆက်သွယ်နိုင်သကဲ့သို့ Customer Service : 01-8604371 သို့ဆက်သွယ်ပြီး အကြောင်းကြားနိုင်ပါသည်။



မည်သည့်အခြေအနေများလိုအပ်ပါသလဲ?

အောက်ပါအခြေအနေများနှင့်ကိုက်ညီမှုရှိပါက သင်၏ ပြန်လည်ပေးပို့မှုကိုလက်ခံနိုင်ပါသည်။

- ကုန်ပစ္စည်းသည် နဂိုမူလ ထုတ်ပိုးထားသော ပုံစံရှိရပါမည်။

- ကုန်ပစ္စည်းသည် အသစ်အတိုင်းရှိရမည်ဖြစ်ပြီး အသုံးပြုထားခြင်း မရှိရပါ။

- ကုန်ပစ္စည်း ပျက်စီးယိုယွင်းနေခြင်း မရှိရပါ။

- လာပို့စဉ်ကအတိုင်း အမှတ်တံဆိပ် ကပ်ပြားများ ပါရှိရပါမည်။


အတွင်းခံ၊ရေကူးဝတ်စုံတို့ကို ပြန်လည်ပေးပို့လိုသည့်အခါ နဂိုပါကင်အထုတ်အတိုင်း ဖြစ်ရပါမည်။ လဲလှယ်/ပေးပို့လိုသော ကုန်ပစ္စည်းအား ကျွန်ုပ်တို့ဘက်မှလာရောက်မယူခင် (သို့) သင်ပြန်လာမပေးခင် အထိ ပစ္စည်းအား နဂိုမူလပုံစံအတိုင်း ထိန်းသိမ်းထားရပါမည်။ အကယ်၍ ကုန်ပစ္စည်း (သို့) ထုတ်ပိုးထားသော ပါကင် ပျက်စီးနေပါက ပြန်လည် ပေးပို့မှုကို လက်ခံမည် မဟုတ်သောကြောင် ကုန်ပစ္စည်းအား သေသေချာချာ ထိန်းသိမ်း ထားရှိရန် လိုအပ်ပါသည်။



နောက်ထပ် မည်သည့်အဆင့်တွေလိုအပ်ပါသလဲ?

သင်ဝယ်ယူခဲ့သောကုန်ပစ္စည်းအား ပြန်လည်ပေးပို့လိုကြောင်း အကြောင်းကြားပြီးပါက ကျွန်ုပ်တို့မှ ပစ္စည်းပြန်လည်ပို့ဆောင်ရန် သင့်အား ဆက်သွယ်ပေးပါမည်


သင်ကိုယ်တိုင်လည်း ကျွန်ုပ်တို့၏ ရုံးသို့ လာရောက်ပေးပို့နိုင်ပါသည်။

- အကယ်၍ ကျွန်ုပ်တို့၏ စည်းမျဉ်းများနှင့် ကိုက်ညီမှု မရှိပါက ငွေပြန်အမ်းခြင်း မရှိဘဲ ကုန်ပစ္စည်းအား သင့်ထံသို့ ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။ - ပြန်ပို့သောကုန်ပစ္စည်းအား စစ်ဆေးပြီး စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိပါက ရုံးဖွင့်ရက် (အများဆုံး) ၁၄ရက်အတွင်း ပစ္စည်းတန်ဖိုး ပြန်အမ်းငွေအား ပြန်ထုတ်ပေးမည် ဖြစ်ပါသည်။